Tuesday, July 24, 2012

၁၉ဇူလိုင်ကို မမေ့နိုင်ကြသလို သြဂုတ် ၁၂ကိုလည်း မမေ့သင့်ပါ

လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား အာဇာနည်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင့်အာဇာနည်နေ့ ဖြစ်ပေါ်လာရသည့် အကြောင်းကို စာဖတ် သူများအတွက် ဖော်ပြလိုက်ပါသည်။ “ဓါးကိုဖျက်ဝါးမျက်၊ လူကိုဖျက်အရက်၊ အမျိုးသားတော် လှန်ရေးကိုဖျက် အမျိုးသားသစ္စာဖေါက်နှင့် အချောင်သမား“ အောင်ပွဲသည် တိုက်ရဲသူအတွက် ဖြစ်သည်(အာဇာနည်မျိုး သေရိုးမရှိပါ)

ကရင့်အမျိုးသားအာဇာနည်နေ့ (MARTYRS DAY)နေ့ ဖြစ်ပေါ်လာပုံ

၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့သည် ဥက္ကဌ စောဘဦး ကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းပါတို့သည် တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကရင်အမျိုးသားသစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏သစ္စာဖေါက်မှုကြောင့် နဘူးမြို့နယ် ထို ကော့ကိုးကျေးရွာအနီး လယ်တဲတတဲတွင် ရန်သူ၏ ၀ိုင်းရံပစ် ခတ်မှုများခံရရာ အင်အားမမျှသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄)ချက်အရ ရန်သူကို အရှုံးမပေး လက်မမြှောက်ဘဲ ရှိသည့်လက်နက်များဖြင့် ရဲရင့်ပြတ် သားစွာ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်မြောက်စွာ ကျဆုံးသောနေ့ဖြစ်သည်။ ထို သြဂုတ်လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွား သူများအားလုံးကို ရည်ညွှန်းချီးကျူး ဂုဏ်ပြုသောနေ့ ဖြစ်သည်။

ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ ခုနှစ် ဇူလိုင်လ (၁၇)နေ့မှ (၁၉)ရက်နေ့အထိ ဖါပွန်မြို့တွင် ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင် ကျင်းပခဲ့သည်။ ထိုညီလာခံအပြီးတွင် သူ၏ ကျော်ကြားသော ဘဦးကြီးမူ (၄) ချက်ကို တရားဝင်ရေးသားပြီး ၎င်းအချိန် မော်ချီးတွင် ရှိသည့် ကော်သူးလေ အသံလွှင့်ဌာနတွင် ကြေငြာလေ သည်။
၎င်း၏ မူ (၄)ချက်မှာ…….
၁။ လက်နက်ချစကားအလျဉ်းမပြောရ
၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးမည်
၎။ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်
၎င်းကျော်ကြားသော မူ (၄)ချက်ကို ကြေငြာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက်ဆင်း သွားသည်။ မိုးသည်ထန်စွာ ရွာသွန်း၍ ချောင်းရေများလည်းကြီးသည့် အချိန်ဖြစ်သည်။ တာဝန်ကို လေးစားခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစိတ်နှင့် မိုးထဲရေထဲ ခရီးဆက်ခဲ့သည်။
ထိုအခါ နဘူးမြို့နယ်တ၀ိုက် အထူးသဖြင့် ထိုကော့ကိုးနှင့် အနီးအနားတွင် တာဝန်ကျသော ကရင်တပ်မှ တပ်ခွဲ မှူးတဦးသည် တော်လှန်ရေးလုပ်သည်မဟုတ်ဘဲ တော်လှန်ရေးဆန့်ကျင်ရေး၊ လူထုဆန့်ကျင်ရေးများစွာ လုပ် သည်။ အနီးအနားကျေးရွာများလည်း ငုံ့ခံကြလေသည်။ ထီးစွမ်းရွာသား မောင်အဲသည် ဥက္ကဌစောဘဦးကြီး ထို ကော့ကိုးကျေးရွာသို့ ရောက်သွားသော် ကောင်းစွာကြိုဆိုသယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးရာ ရန်သူလည်းညအချိန်တွင် မိုးထဲရေထဲ အတင်းချီတက်၍ ဥက္ကဌစောဘ ဦးကြီးနေသည့် တဲကို ၀ိုင်းထားလျှက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဌ စောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက် ပေးလှူရသွားလေသည်။
သစ္စာဖေါက် မောင်အဲအနေနှင့် ဥက္ကဌစောဘဦးကြီးမရှိက ကရင့်တော်လှန်ရေးကျဆုံးမည်ဟုတွက်သည်။ သို့ သော်သူထင်သည့်အတိုင်း မဟုတ်ဘဲ တော်လှန်သည့် သူရဲကောင်းစိတ်ဓါတ်ဖြစ်သည့် တဗိုလ်ကျ တဗိုလ်တက် စိတ်ဓါတ်ဖြင့် တရားမှန်ကန်သော ကရင့်တော်လှန်ရေးသည် ယနေ့ထိတိုင် ရန်သူ့ထံအညံ့မခံ အရှုံးမပေးဘဲ ကြံ့ ကြံ့ခံကာ တော်လှန်ရပ်တည်လျှက်ရှိသည်။
ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပါင်းကို ဦးညွတ်ဂါရ၀ပြုလျှက်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment