Sunday, May 6, 2012

ကျောင်းပြန်လည် ထူထောင်ရေး ရန်ပုံငွေ တေးဂီတပွဲ ကရင်နှစ်ခြင်း ကျမ်းစာကောလိပ် ပြုလုပ်မည်

လွန်ခဲ့သည့်လ ၂၈ရက်နေ့က မယ်လဒုက္ခသည် စခန်းတွင် မီးလောင်ကျွမ်းခဲ့သည့် ကရင်နှစ်ခြင်း အသင်းတော် ကျမ်းစာသင်ကျောင်း ကောလိပ် (KKBBSC) ပြန်လည် ထူထောင်ရေးအတွက် ရံပုံငွေ တေးဂီတပွဲတခုကို လာမည့် ယခုလ ၁၂ရက်နေ့တွင် မဲဆောက်မြို့ရှိ CDCအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်မည်ဟု သိရှိရသည်။ 


အဆိုပါ ဂီတပွဲသို့ နာမည်ကြီး ကရင်အဆိုတော်များ ဖြင့်သည့် ရှီးထူး၊ ယူးရီ၊ ထူးဝါး၊ E-bybye အပါအ၀င်တခြား ကရင်အဆိုကျော် ၁၉ဦးတို့ ပါဝင်သီဆိုကြမည် ဖြစ်ပြီး မဲဆောက်ရှိ First Church Band နှင့် မီးဒဏ်သင့်ခဲ့သည့် ကျမ်းစာကျောင်းမှ KKBBSC Bandတို့မှ ပူးတွဲတီး ခတ်ပေးမည် ဖြစ်သည်။

ဝင်ကြေး အဖြစ် လက်မှတ် တစောင် ၁၀၀ဘတ်ဖြစ်သည်ဟု သိရှိရပြီး ကျမ်းစာ ကျောင်းကြီး ပြန်လည် ထူထောင်နိုင်ရေးအတွက် ဂီတအနုပညာ ခံစား ကြည့်ရှူရင်း ကုသိုလ်ဖြစ် သွားရောက် အားပေးနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

အဲခေါင်သောင့်(မေလ ၇ရက်နေ့၊ ၂၀၁၂ခုနှစ်)

မီးလောင်ကျွမ်းခဲ့စဉ်က KKBBSC ကျောင်းကြီး (ဓါတ်ပုံ- ကေအိုင်စီ)



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment